Pls, download Zawgyi Unicode Font for Burma Today Webpages.
Zawgyi One Unicode Font System >
Zawgyi One Font Keyboard Layout >
How to use Zawgyi One Unicode Font >
ချစ်တဲ့ မနောမြေ | မောင်ကျော်ဇေယျ | မြတ်ပန်း | ကနေ့အတွေးနဲ့ ယနေ့အရေး | iecos Myanmar - Blogger | Myanmar Political News and Ideas
တို့ကို ဖြည့်စွက်ထားပါတယ်။
ယနေ့မြန်မာ ဘလော့ဂ်ဂါစာမျက်နှာ
နေဘုန်းလတ် လွတ်မြောက်ရေးသို့
မြန်မာအာဏာပိုင်များဟာ မြန်မာဘလော့ဂ်ဂါ နေဘုန်းလတ်ကို ဇန်န၀ါရီ ၂၉ ရက်နေ့က ဖမ်းသွားခဲ့ပါတယ်။ နောက်ဆုံးရသတင်းများအရ ပြည်ထဲရေးဝန်ကြီးဋ္ဌာနရုံး အဆောက်အဦထဲမှာ ထိမ်းသိမ်းထားခဲ့တဲ့သူ့ကို အင်းစိန်ထောင်ထဲ ပို့လိုက်ပြီ ဖြစ်ကြောင်း၊ စစ်အစိုးရအနေနဲ့ စိတ်ကူးပေါက်သလို ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ တရားစွဲဆိုမှာ ဖြစ်ကြောင်း သိရပါတယ်။ နေဘုန်းလတ်အနေနဲ့ တရားသဖြင့် ခုခံခွင့် ရလိမ့်မယ်လို့တော့ အခုချိန်အထိ မျှော်လင့်လို့ မရသေးပါကြောင်း (ဖေဖော်ဝါရီ ၁၁ ရက် ၂၀၀၈)
နေဘုန်းလတ်အတွက် ပူပန်နေတဲ့ သူ့သူငယ်ချင်း မယ်လိုဒီမောင်ရဲ့ ကဗျာနဲ့ s0wha1 ရဲ့ စာစုတို့ကို ဖော်ပြလိုက်ပါတယ်။ - သူငယ်ချင်း သို့ (မယ်လိုဒီမောင်) - - နေဘုန်းလတ်သို့ (s0wha1) -
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ ၇၇ လမ်းနဲ့ ၇၈ လမ်းကြားမှာ ရှိတဲ့ ရတနာပုံဈေးမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၈ နာရီခန့်က စတင်ပြီး ည ၁၀ နာရီခန့်အထိ မီးလောင်ကျွမ်းခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုးခန့် ဆုံးရှုံးသွားကြောင်း ခန့်မှန်းကြပါတယ်။ အဲဒီ အားလုံးအတွက် အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြိး ဖော်ပြထားတဲ့ မြန်မာဘလော့ဂ်များကို စုစည်း ဖော်ပြလိုက်ပါတယ်။
မန္တလေး - ရတနာပုံဈေး မီးလောင်၊ မြန်မာကျပ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးသွား (Myanmar Political News and Ideas)
ညိုကြီးက မန္တလေး ရတနာပုံဈေးမှာ လောင်ကျွမ်းတဲ့ မီးနဲ့ ပတ်သက်ပြီး သူ့ အယူအဆများ သူ သိရှိထားတဲ့အချက်အလက်များကို စုစည်း တင်ပြထားပါတယ်။ - ဆောင်းပါး အပြည့်အစုံသို့ - | ပြည်ကြီးမျက်ရှင်အရပ်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မနက်ပိုင်းက လောင်တဲ့ မီး
Fire at Yadanarbom Market (Mandalay Fire) - (ကနေ့အတွေးနဲ့ ယနေ့အရေး)
မန္တလေးသားတယောက်ရဲ့ သူ ကြုံဆုံရတဲ့ ရတနာပုံဈေး မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို ဖော်ပြ ရေးသားချက် ဖြစ်ပါတယ်။ ဈေးနဲ့ မလှမ်းမကမ်းမှာ နေထိုင်သူတဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ် ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို ကာလအပိုင်းအခြားနဲ့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဓါတ်ပုံများကိုလည်း ဖော်ပြထားပါတယ်။ - ဆောင်းပါး အပြည့်အစုံသို့ - | ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထပ်ပြီး လောင်တဲ့ မီး | နောက်ဆက်တွဲ သတင်း (၁) | နောက်ဆက်တွဲ သတင်း (၂) | နောက်ဆက်တွဲသတင်း နောက်တပုဒ် | ဓါတ်ပုံမှတ်တမ်းများသို့ | ဓါတ်ပုံမှတ်တမ်း နောက်တခု
ရတနာပုံဈေး မီးလောင် (iceos Myanmar - Blogger)
ဒါကတော့ မီးလောင်ကျွမ်းမှုကို လေ့လာပြီး ရေးသားထားတဲ့ ဆောင်းပါးတပုဒ် ဖြစ်ပါတယ်။ - ဆောင်းပါး အပြည့်အစုံသို့ - | iceo ရဲ့ မီးလောင်မှုသတင်းနောက်တပုဒ်
ခံစားချက်ပြင်းတဲ့ မိုးကုတ်သားရဲ့ ဘလော့ဂ်မှ
ဒီဘလော့ဂ်မှာတော့ ရတနာပုံဈေးအတွင်းပိုင်းက မီးလောင်ကျွမ်းမှု ဓါတ်ပုံများကို တွေ့ကြရမှာ ဖြစ်ပါတယ်။ အများစု ဖော်ပြထားတဲ့ ဓါတ်ပုံများဟာ ပြင်ပက ရိုက်ကူးထားတာ ဖြစ်ပေမယ့် ဒီဘလော့ဂ်က ဓါတ်ပုံများကတော့ ဈေးအတွင်းမှာ မီးလောင်ကျွမ်းစဉ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ - ဓါတ်ပုံများနဲ့တကွ ဖော်ပြထားတဲ့ ဆောင်းပါး သို့ -
မိုးကုတ်သားရဲ့ ဓါတ်ပုံ အပြည့်အစုံကိုတော့ http://s244.photobucket.com/albums/gg38/koaungchan/yadanarpone%20zay/ မှာ ကြည့်ရှုနိုင်ပါတယ်။
မြန်မာတပြည်လုံးမှာ မီးတွေ ထ လောင်နေပြီ (မျိုးချစ်မြန်မာ)
မျိုးချစ်မြန်မာကတော့ မြန်မာတပြည်လုံးမှာ မီးတွေ ထ လောင်နေပြီ လို့ ခေါင်းစဉ်တပ်ပြီး ရတနာပုံဈေးမှာ လောင်ကျွမ်းတဲ့ မီး၊ ရန်ကုန်မှာ လောင်တဲ့ မီး၊ ပုလောမှာ လောင်တဲ့ မီးတွေအကြောင်း အင်တာနက်ထဲက သတင်းတွေနဲ့ သူ သိထားတဲ့သတင်းတွေကို စုစည်း ဖော်ပြထားပါတယ်။ အဲဒီ ဘလော့ဂ်မှာ တွေ့ရတာကတော့ ရတနာပုံဈေးမှာ မီးလောင်ကျွမ်းနေစဉ် ရိုက်ကူးထားတဲ့ ၁၅ စက္ကန့်ကြာ ဗီဒီယိုမှတ်တမ်းပဲ ဖြစ်ပါတယ်။ - အပြည့်အစုံ သို့-
http://www.youtube.com/watch?v=4e4wwhBWNTE နဲ့ http://www.youtube.com/watch?v=SwYz-9gAVNs နေရာတွေမှာလည်း အဆိုပါ ဗီဒီယိုမှတ်တမ်းကို ကြည့်နိုင်ပါတယ်။
အခု ကောက်နှုတ် ဖော်ပြထားတဲ့ ဘလော့ဂ်များအပြင် ဆုံဆည်းရာ ၊ ဒေါက်တာလွဏ်းဆွေ စတဲ့ ဘလော့ဂ်များမှာလည်း စုစည်း ဖော်ပြမှုများကို ဖတ်နိုင်ပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး အင်တာနက်ထဲမှာ ပထမဆုံး တွေ့ရတာကတော့ http://kowailwin.pictiger.com/images/?page=5 က ဓါတ်ပုံများပဲ ဖြစ်ပါတယ်။
လေးစားလျက်
ဘားမားတူဒေး